Kaung Myat Kyaw
CST
Age18
Height174 cm
Weight92 lb
About Kaung
အားလုံးပဲမင်္ဂလာပါခင်ဗျာ ။ ကျွန်တော်ကတော့ အပိုမပြောတဲ့ ညိုချောလေး မောင်ကောင်းမြတ်ကျော် ဖြစ်ပါတယ်ခင်ဗျာ ။ သူငယ်ချင်းအများစုကတော့ ကောင်းကောင်း ၊ မောင်ကောင်း စသဖြင့်ခေါ်ကြပါတယ် ။ ဒီက သူငယ်ချင်းတွေကတော့ ပရိုတိန်း ဆိုပြီး နာမည်ပြောင်လေးပေးထားကြသတဲ့ဗျာ ။ သူငယ်ချင်းတွေနဲ့ ဟာသလေးတွေ ထိုင်ပြောပြီး ရယ်ရတာကိုသဘောကျပါတယ် ။ ဒီလိုသေးငယ်သောအရာတွေက စစ်မှန်တဲ့ပျော်ရွှင်မှုကို ပေးနိုင်တယ်လို ခံယူထားတဲ့သူပေါ့ဗျာ ။ ရူပါမလန်းပေမယ့် တော်ကီတစ်ပေါက်လျှမ်းလျှမ်းတောက်မိုလို လူချစ်လူခင်ပေါတာပေါ့ဗျာ ။ လူရွေးမှားလိုရပေမယ့် vote ပေးမှားလိုမရဘူးဗျ ။ စူးရှတဲ့အကြည့်တစ်ချက်နဲ့ ချိုမြိန်တဲ့အပြုံးလေးကို ခံစားပြီး နှလုံးသားလေး ကြွေကျမြေခချင်ရင်တော့ ကျွန်တော်မောင်ပရိုတိန်းလေးကိုသာ vote ပေးလိုက်တော့ဗျာ ။
Hobbies & Interests
Badminton
Music
Planting