Pann Hsu Han
CST
Age20
Height165 cm
Weight100 lb
About Pann
မင်္ဂလာပါရှင့် ကျွန်မနာမည်ကတော့ပန်းဆုဟန်ပါရှင့် ရင်းနှီးတဲ့သူတွေကတော့ပန်းလိုပဲခေါ်ကြပါတယ်ရှင့် မိဘများက ပန်းကလေးလိုလှပပြီး အောင်မြင်တဲ့ဆုတွေဆွတ်ခူးနိုင်ကာ ဟန်ကျကျနေနိုင်စေရန် အခုနာမည်လေးကိုပေးခဲ့ပါတယ်ရှင့် မရင်းနှီးတဲ့သူတွေကပန်းကိုကြည့်ရင် မာနကြီးသလိုထင်ရပေမဲ့တကယ်တမ်း ပေါတောတောလေးပါ အရမ်းလည်းစနောက်သန်ပါတယ်ရှင့် Fresher welcome အတွက်လည်း စီနီယာအမတွေအကိုတွေရဲ့ သင်ကြားမှုအတိုင်း အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်ရှင့် ပွဲနေ့အတွက်လည်းအများကြီးရင်ခုန်နေပါတယ်ရှင့် ပန်းအတတ်နိုင်ဆုံးကြိုးစားမှာမို့ vote လေးနဲ့ကူညီသွားလို့ရပါတယ်ရှင့် အခုလို အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါရှင့်
Hobbies & Interests
Badminton
Painting
Music