Shwe Sin Lin
CST
About Shwe
အားလုံးပဲ ပျော်စရာနှစ်သစ်လေးဖြစ်ပါစေရှင့်။ သမီးနာမည်ကတော့ ရွှေစင်လင်း ပါရှင့်။ဖေ့ဖေ့ရဲ့နာမည် "ဦးလင်းလင်း" ကနေ "လင်း" ဆိုတဲ့အက္ခရာလေး ပါ ပါအောင်မှည့်ပေးထားတာမို့အရမ်းသဘောကျရတဲ့နာမည်လေးဖြစ်နေတာပေါ့ရှင်။ ပြီးခဲ့တဲ့အတိတ်ကိုပြန်တွေးပီးမဆွေးတတ်သလို ဖြစ်မလာသေးတဲ့အနာဂတ်ကိုလည်းတွေးပူမနေတတ်ပါဘူး။ပျော်ပျော်ပဲနေတတ်သလို သူများကိုပျော်အောင်လုပ်ပေးရတာကိုလဲ သဘောကျပါတယ်နော်။ ဒါကြောင့် အပြုံးချိုချိုလေးနဲ့ ပရိသတ်ရင်ထဲ ပျော်စရာလေးတွေကျန်ခဲ့အောင် အကောင်းဆုံးကြိုးစားထားတာမို့ လာရောက်ကြည့်ရှုအားပေးကြပါအုံးနော်။Selectionအဖြစ်ရွှေးပေးခဲ့တဲ့ စီနီယာအကိုအမတွေ စိတ်မပျက်ရ အောင်လဲ သေချာလေးကြိုးစားထားပါတယ်ရှင့်။ဘယ်လို အမှားတွေပဲလုပ်လုပ် စိတ်မပျက်သွားပဲ သင်ပေး လမ်းညွှန်ပေးတဲ့အတွက်လဲ အရမ်းပဲကျေးဇူးတင်မိပါတယ် စီနီယာတို့ရှင့်🥰🥰။ခုလိုအချိန်ပေးပြီးဖတ်ပေးလို့ကျေးဇူးပါရှင့်။voteလေးလဲပေးသွားကြပါအုံးနော်😊🥰