Thazin May Oo
CST
Age19
Height165 cm
Weight140 lb
About Thazin
မင်္ဂလာရှိတဲ့ နေ့တစ်နေ့ကို အစပြုရင်း ကျွန်မရဲ့ အကြောင်းလေးကို မိတ်ဆက်ပါရစေရှင်။ကျွန်မရဲ့ နာမည်က သဇင်မေဦး ဖြစ်ပြီး အဖေက အချစ်နဲ့ မှည့်ပေးခဲ့တဲ့ နာမည်လေးပါ။ သူငယ်ချင်း တွေကတော့ ခင်ခင်မင်မင်နဲ့ “သဇင်” လို့ပဲ ခေါ်ကြပါတယ်ရှင်။ကျွန်မက ခရစ်ယာန်ဘာသာကို ကိုးကွယ်သူဖြစ်တဲ့အတွက် TERESA (ထရီဇာ) ဆိုတဲ့ ဘာသာနာမည်လေးလည်း ရှိပါသေးတယ်။သောကြာသမီးဖြစ်လို့ စကားတော့ အရမ်းများပြီး အမြဲတမ်း ရီရီပြုံးပြုံးနဲ့ လူတိုင်းကို ခင်မင်တတ်တဲ့ သူလေးပါ။သီချင်းဆိုရတာကို ဝါသနာပါပေမဲ့ အသံကတော့ သိပ်မကောင်းသေးတဲ့အတွက် ကြိုးစားနေဆဲပါရှင်။စကားများတဲ့ သောကြာသမီးလေးရဲ့ မိတ်ဆက်ကို ဒီနေရာမှာပဲ အဆုံးသတ်ပါရစေရှင်။အဆုံးထိဖတ်ရှုပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
Hobbies & Interests
Reading
Singing